#Local_News
Published_ 19 September 2022

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ မနက်ပိုင်းတွင် ညောင်ဦးမြို့၏ အနောက်-အနောက်မြောက်ဘက် (၁၃) မိုင်ခန့်အကွာ၌ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၆)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်၊၊

 

မြေငလျင်နှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံပြည်ပထိုင်ဝမ်တွင် ဗဟိုပြု၍ပြင်းထန်သောငလျင်ကြီးများ လှုပ်ခတ်ခဲ့သလို ပြည်တွင်းတွင်လည်း ငလျင်ငယ်လှုပ်ခတ်လျက်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)၏ ထုတ်ပြန်ချက်များအရ သိရသည်၊၊

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက် ညပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် (၁၃၉၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်ပ (Taiwan)တွင် ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၅)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်သည်၊၊

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်၊ မနက်ပိုင်းတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဓနုဖြူမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း သိရသည်၊၊

 

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့လည်ပိုင်းတွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် မိုင် (၁၄၀၀) ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်ပ (Taiwan)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၇)အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းထပ်မံထုတ်ပြန်ခဲ့သည်၊၊

 

#ymg/tthl
#Yangon_Media_Group