#Local_News
Published-19 September 2022

 

ယနေ့စက်တင်ဘာလ ၁၉ ရက်မှ စက်တင်ဘာလ ၂၅ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၆၉၀ကျပ်သတ်မှတ်ထားကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ကြေညာထားသည်။

 

ပြီးခဲ့သည့်တစ်ပါတ်တွင် ထုတ်ပြန်ခဲ့သည့် လက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိသာ ၄၇၃၀ ကျပ်ဖြစ်ပြီးယခင်ထက် ဈေးကျခဲ့ကြောင်း သိရသည်။

 

မလေးရှား၊ အင်ဒိုနီးရှားစသည့် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့် ဈေးနှုန်းတွေအရ ပြည်တွင်းစားအုန်းဆီရည်ညွှန်းဈေးကို သတ်မှတ်ခြင်းဖြစ်သည်။

 

ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိသာကို ၈၀၀ ဝန်းကျင်သာရှိပြီး ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

“စားအုန်းဆီဈေးနှုန်းတွေက တစ်ပတ်နဲ့တစ်ပတ်ဈေးကမတူဘူး ။ တဖြည်းဖြည်းနဲ့တော့ ကျလာနေပါပြီ။ အရင်ထက်စာရင်တော့ ဈေးကအဆင်ပြေလာပါပြီ” ဟု အကြော်စုံရောင်းချနေသည့် ဈေးသည်တစ်ဦးက အခုလို ပြောပါတယ်။

 

ယင်းအပြင် ဈေးကွက်ထဲတွင် ဈေးကစားခြင်းပြုလုပ်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားကြောင်း သိရသည်။

 

#ymg/STH
#Yangon_Media_Group