#Local_News
Published _ 19 September 2022

 

ရာသီဥတုပြောင်းလဲမှုဆိုင်ရာအခန်းကဏ္ဍတွေမှာ လူငယ်တွေ ပါဝင်နိုင်မှုနှင့် ပတ်သက်၍ အာဆီယံနိုင်ငံသုံးနိုင်ငံကို လေ့လာရေးခရီးသွားရောက်ရမည့် အစီအစဉ်အတွက် ထိုင်းနိုင်ငံရောက် မြန်မာလူငယ်များပါ လျှောက်ထားနိုင်ကြောင်း သိရပါသည်။

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့များသို့ လေ့လာရေးခရီးစဉ်အား ဆယ်ရက်အကြာ သွားရောက်ရမှာဖြစ်ပြီး မြို့ကြီးတွေမှာ ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအတွက် လူငယ်တွေ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်မလည်းဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးလေ့လာရမည့် ခရီးစဉ်တစ်ခုဖြစ်သည်။

 

အဆိုပါ လေ့လာရေးခရီးစဉ်ကို The Hanns Seidel Foundation မှ ပြုလုပ်ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ လူငယ် ၂၀ ဦးကို ရွေးချယ်မည်ဟု သိရသည်။

 

ယင်း ခရီးစဉ်အတွက် ကုန်ကျစရိတ်အပြည့်အ၀ ထောက်ပံ့ပေးမှာဖြစ်ပြီး နိုဝင်ဘာလလ ၆ ရက်မှ ၁၆ ရက် အထိ လေ့လာရေး ခရီးသွားရမည်ဖြစ်သည်။

 

သဘာဝပတ်ဝန်းကျင်ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍမှာ စိတ်ဝင်စားတဲ့လူငယ်များအပါအဝင် ထိုကဏ္ဍမှာ အလုပ်လုပ်ကိုင်နေကြသည့်လူငယ်များ ယခုခရီးစဉ်မှာ လျှောက်ထားနိုင်ပြီး အသက် ကန့်သတ်ချက်အနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၀ နှစ်အတွင်း သတ်မှတ်ထားရှိသည်။

 

လျှောက်လွှာကို https://asia.hss.de/en/asean-study-visit မှတဆင့် စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးထား လျှောက်ရမှဖြစ်ကြောင်း သိရသည်။

 

#ymg/NN
#Yangon_Media_Group