#LocalNews
Published -18 Sept 2022

 

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖူမိမြိုတွင် စက်တင်ဘာလ ၁၇ ရက်ကတရားမဝင်မြန်မာနိုင်ငံသား ၁၅ ဦး ဖမ်းမိခဲ့သည့်အနက် ၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ထိုင်းဒေသတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းလူမျိုး တစ်ဦးမောင်းလာသည့် ကုန်တင်ကားကို တားဆီးစစ်ဆေးစဉ်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၊ ရပ်တန့်ရန် ပြောဆိုစဉ် ယာဉ်မောင်းက မောင်းပြေးခဲ့ရာ ထိုင်းအာဏာပိုင်များက လိုက်လံဖမ်းဆီးခဲ့ရာ
ကုန်တင်ကား၏ အနောက်ပိုင်း၊ ကုန်ပစ္စည်းများထားသည့် အလုံပိတ်နေရာတွင် တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦးတိုကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း ၊ ဖမ်းဆီးမိသူများအား ကိုဗစ် စစ်ဆေးမှုများပြုလုပ်စဉ် ၂ ဦး မှာကိုဗစ်ပိုးတွေ့သောကြောင့် သက်ဆိုင်ရာကွာရန်တင်းစင်တာ၌ ဆေးကုသမှုခံယူခိုင်းထားကြောင်း သိရသည်။

 

ယင်း ဖမ်းဆီးခံရသူများမှာရန်ကုန်၊ မော်လမြိုင်မြိုများက ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ရတ်ချဘူရီနှင့် ချွန်ဖော်ခရိုင်အတွင်း အလုပ်လုပ်ရန်လာရောက်ကြခြင်း ဖြစ်ကြောင်း၊ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၅၀၀၀ စီ ပေးရန်သဘောတူလာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံသား ယာဉ်မောင်းအနေဖြင့် ယင်းတိုအား ပိုဆောင်ခ ဘတ် သုံးသောင်းဖြင့် လိုက်ပါခဲ့ခြင်း ဖြစ်ကြောင်း၊ယခုအခါ အဆိုပါ ထိုင်းနိုင်ငံသားကိုလည်း ဖမ်းဆီးထားကြောင်း၊ဖမ်းမိသော မြန်မာနိုင်ငံသားများထဲမှ ကိုဗစ်ပိုးမရှိသည့် ၁၃ ဦးကို
ထောင်ဖာဖူမိ ရဲစခန်း၌ ထိန်းသိမ်းထားပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ymg/mt
Yangon_Media_Group