#LocalNews
Published -18 Sept 2022

 

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် လမ်းဘေးမှာရပ်ထားသည့် ထိုင်းနိုင်ငံသားတစ်ဦး၏ ဆိုင်ကယ်ကို မြန်မာနိုင်ငံသားတစ်ဦးက ခိုးယူထွက်ပြေးမှု စက်တင်ဘာလ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။

 

အဆိုပါ ဆိုင်ကယ်မှာ "Deliverey" ပစ္စည်းပို့သူ ထိုင်းနိုင်ငံသားတစ်ဦး၏ ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ်စက်ချို့ယွင်းမှုကြောင့် မဲဆောက်မြို့၊မီးသတ်ရုံးအနီးရှိ စားသောက်ဆိုင်ရှေ့မှာ ဆိုင်ကယ်သော့မဖြုတ်ပဲရပ်တန့်ခဲ့ကာ ဆိုင်ကယ်ပြင်ဆရာကို သွားရောက်ခေါ်ယူရန် သွားရောက်နေစဉ် မြန်မာနိုင်ငံသားက ခိုးယူခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ကို တိုင်ကြားရာချက်ခြင်း လိုက်လံဖမ်းဆီးရာ အဆိုပါ မြန်မာနိုင်ငံသားအား ၁၅မိနစ်အတွင်း အာရှလမ်းကြီးပေါ်၌ ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊လက်ရှိတွင် ယင်း မြန်မာနိုင်ငံသားအနေဖြင့် ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်သည့် ပြစ်မှု၊ဆိုင်ကယ်ခိုးယူမှု ပြစ်မှုတို့ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။

 

Sources-Photo _MS Media

ymg/mt
#Yangon_Media_Group