#Local_News
Published - 13 September 2022

ပြီးခဲ့သည့် ၈ လအတွင်း ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့် ကုမ္ပဏီ ၃၃၀၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

 

ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတွင် ကုမ္ပဏီပေါင်း ၄၀၀၊ ဧပြီလတွင် ကုမ္ပဏီ ၃၀၀၊ မေလတွင် ၅၀၀၊ ဇွန်နှင့် ဇူလိုင်လတွင် ၄၀၀ ရှိပြီးဩဂုတ်လတွင် ကုမ္ပဏီ ၅၀၀ ဝန်းကျင် ပယ်ဖျက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကုမ္ပဏီများသည် နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်သည့်အတွက် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း DICA မှ ထုတ်ပြန်ထားသည်။

 

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယား တွေအရ နှစ်စဉ် အစီရင်ခံစာ တင်ပြရန် ပျက်ကွက်သည့်အတွက် မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရသည့် ကုမ္ပဏီအရေအတွက် လစဉ် ၄၀၀ ကနေ ၆၀၀ အကြားရှိနေကြောင်း၊ ယင်းအပြင်မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရသည့် ကုမ္ပဏီများတွင် ဆောက်လုပ်ရေးကုမ္ပဏီ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့်ကုမ္ပဏီများ၊ကျောက်မျက်ရတနာကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group