#Local_News
Published_ 12 September 2022

 

နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ငါးနှစ် စီမံချက်ကို ဆက်လက်အကောင်အထည်ဖော်နေမှုကို နေပြည်တော်မှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား (၅) နှစ်တာ လုပ်ငန်း စီမံချက် (၂၀၁၃-၂၀၁၇) ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၂၂) ငါးနှစ်စီမံချက်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံ တွေ့ဆုံစဉ်ဆွေးခဲ့တာြဖစ်ပါတယ်။

 

ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆောင်ရွက်ဆဲ လုပ်ငန်းအစီအစဉ်များ ဆိုင်းငံ့ခဲ့ရ၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန် ကျန်လုပ်ငန်းများလည်း ဆွေးနွေးခဲ့ပါတယ်။

 

ရွှေ့ပြောင်းသွားလာမှု များပြားသည့် ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်း များ ဖော်ထုတ်၍ စွန့်ဦးတီထွင် လုပ်ငန်းများအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုနှင့် အသိပညာများ ဖြန့်ဖြူးပေးနိုင်ရေး အသိပညာပေးအစီအစဉ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် IOM ရုံးတို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များလည်း ပါဝင်တယ်လို ဆိုပါတယ်။

 

#ygm_mnn
#Yangon_Media_Group