#Local_News
Published - 12 September 2022

 

ကာကွယ်၍ရသည့် ကင်ဆာရောဂါများအကြောင်း သိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်"သက်ကြီးကင်ဆာကာကွယ် ရေးနှင့်စောတွေ့ရေး" အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ရွှေရောင်နှင်းဆီကင်ဆာ ဖောင်ဒေးရှင်းမှလာမယ့်အောက်တိုဘာလ(၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများအကြောင်း၊ ကင်ဆာရောဂါလက္ခဏာများ၊ကြိုတင်ကာကွယ်နိုင်မည့် အကြောင်းအရာများကို Zoom meeting ဖြင့် ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်သည်၊၊

 

"ကင်ဆာသည် အသက်ကြီးလာတဲ့အခါမှာ ကင်ဆာပိုအဖြစ်များလာတယ်၊၊ ကာကွယ်လိုရတယ်၊၊ ငယ်စဥ်ကတည်းက ဘဝတစ်လျှောက်လုံးမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပြုမယ်ကျင့်ကြံလုပ်ကိုင်စားသောက်နေထိုင်တယ်ဆိုရင် ကင်ဆာအချိုကိုတော့ ကာကွယ်လို့ရတယ်၊၊ ဒါပေမယ့်အချို့က ကာကွယ်လိုမရဘူး၊၊ ကာကွယ်လို့မရတာ(ကင်ဆာ) တွေစောသိမှဖြစ်ပါမယ်၊၊ ဒါကြောင့်မိုလို့ "သက်ကြီးကင်ဆာကာကွယ် ရေးနှင့်စောတွေ့ရေး" အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမှာဖြစ်ပါတယ်၊၊ ရည်ရွယ်ချက်ကတော့ မိသားစုဗဟိုပြုကာကွယ်ဖို့၊ စောတွေ့ဖို့နဲ့ကုသဖိုဖြစ်ပါတယ်"လို့ ရွှေရောင်နှင်းဆီကင်ဆာ ဖောင် ဒေးရှင်းဥက္ကဌ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက YMG ကို ပြောသည်၊၊

 

"သက်ကြီးကင်ဆာကာကွယ်ရေးနှင့် စောတွေ့ရေး" အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတွင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းနာယက သမားတော်ကြီး ပါမောက္ခဒေါ်မာလာသန်းက အဖွင့်အမှာစကားပြောကြားမည်ဖြစ်ပြီး သွေးရောဂါအထူးကုသမားတော်ကြီးပါမောက္ခ ဒေါက်တာရဲမြက သက်ကြီးကင်ဆာဇီဝဖြစ်စဥ်၊ သက်ကြီးကင်ဆာကာကွယ်ရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ရွှေရောင်နှင်းဆီကင်ဆာ ဖောင် ဒေးရှင်းဥက္ကဌ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက သက်ကြီးကင်ဆာစောတွေ့ရန် စစ်ဆေးခြင်း ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပါမောက္ခဦးမြင့်ဟန်က ကျန်းမာစွာအသက်ရှည်ခြင်းစသည့် ခေါင်းစဥ်ဖြင့်လည်းကောင်းဆွေးနွေးကြမည် ဖြစ်သည်၊၊

 

ယင်းဆွေးနွေးပွဲကို ကိုယ်တိုင်ကင်ဆာအကြောင်း သိရှိလိုသည့် သက်ကြီးရွယ်အိုများ၊ မိသားစုအတွင်း ဘိုးဘွား ၊မိဘနှင့်သက်ကြီးရွယ်အိုများရှိသည့် လူငယ်လူရွယ်များ တက်ရောက်ပါဝင်ဆွေးနွေးသင့်သည်ဟု ရွှေ ရောင်နှင်းဆီကင်ဆာ ဖောင် ဒေးရှင်းဥက္ကဌ ကင်ဆာအထူးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်း ကအကြံပြုပြောကြားထားသည်၊၊

 

တက်ရောက်ပါဝင် ဆွေးနွေးလိုသူများရွှေ ရောင်နှင်းဆီကင်ဆာ ဖောင် ဒေးရှင်း၊ ရုံးဖုန်း၀၉ ၂၅၀၅၀ ၇၀၈၃ (သိုမဟုတ်)၀၉ ၂၅၀၅၀၇၀၈၄သို ဆက်သွယ်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အောက်တိုဘာလ(၁)ရက် မွန်းလွဲ ၁း၀၀နာရီမှ ၃း၀၀နာရီအတွင်းအွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်၊၊

#ymg/tthl
#Yangon_Media_Group