#Local_News
Published _ 6 September 2022

 

လာမည့် ပညာသင်နှစ်မှစ၍ အထက်တန်းကျောင်းများတွင် စိုက်ပျိုး၊မွေးမြူရေးအကြောင်း ထည့်သွင်းသင်ကြားရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကျွမ်းကျင်အဆင့်လေ့ကျင့်ပေးနိုင်ရန် စိုက်ပျိုးရေးသိပ္ပံကျောင်းများကဲ့သို့ ကျောင်းများဖွင့်လှစ်ပေးထားသော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ပြီး လာမည့်ပညာသင်နှစ်တွင် အထက်တန်းကျောင်းအချို့မှာ ထည့်သွင်းသင်ကြားပေးမည်ဟုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးမှ ပြောကြားလိုက်သည်။

 

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ပညာရေးဂဏ္ဍမှာ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် သက်မွေးမှုပညာသင်တန်းကျောင်းတွေကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်တိုးချဲ့ဖွင့်လှစ်သွားရန် နစက ဥကဋ္ဌမှ တိုက်တွန်းပြောကြားခဲ့သည်။

 

#ymg/NN
#Yangon_Media_Group