Published - 4 September 2022

နစကဥက္ကဋ္ဌရဲ့ ယခုရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတပူတင်နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြဖို့ရှိတယ်လို့ နစက အဆင့်မြင့် အရာရှိကြီးတစ်ဦးက YMG ရဲ့မေးမြန်းချက်အပေါ် အတည်ပြုပြောဆိုပါတယ်။

"ဒီခရီးစဉ်မှာ ရုရှားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးတော်တော်များများနဲ့တွေ့ဖြစ်ပါမယ်၊ရုရှားသမ္မတနဲ့ တွေ့မယ်။ဘာတွေဆွေးနွေးဖြစ်မယ်ဆိုတာတော့ မသိရသေးပါဘူး"ဟု ယင်းကပြောပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဘော့စတော့မြို တွင် စက်တင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်မည့် (၇ ) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်- ၂၀၂၂ ( The 7th Eastern Economic Forum 2022) သို တက်ရောက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ စက်တင်ဘာ ၄ရက်နေ့မှာ ရုရှားနိုင်ငံ  ဗလာဒီဘော့စတော့မြိုသို ရောက်ရှိကြောင်း ရုရှားမီဒီယာအချို့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF)၏ ဖိတ်ကြားချက်အရ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက် ည ပိုင်းတွင် နစက အနေဖြင့် သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဘော့စတော့မြို့တွင် စက်တင်ဘာလ ၅ ရက် မှ ၈ ရက်ထိ ပြုလုပ်မည့် ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ကို ပါဝင်တက်ရောက်မည်ဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် စီးပွားရေးပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ymg/mt

Yamgon_Media_Group

#SAC_Myanmar

#Russia_Myanmar

#Myanmar_Politics