#LocalNews
Published - 4 September 2022

 

နေပြည်တော် ရေပန်းဥယျာဉ်ကို ခေတ်မီဥယျာဉ်ကြီးအဖြစ် အဆင့်မြှင့်တင်နေပြီဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီက သိရသည်။

 

ယင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုလမှစတင်၍ ၃ နှစ်အတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ရိုလာကိုစတာ(Roller Coaster)၊ Zip Line ၊ ရေလွှာလျှောစီး(အကြီး)၊ ရေလှိုင်းတု၊ မဟာရဟတ်၊ Mono Train စသည့် ကစားနည်းများ အပါအဝင် ကစားနည်းပေါင်း ၄၈ မျိုးပါဝင်မည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်သည့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင်နေပြည်တော်ရေပန်းဥယျာဉ် နှစ်ရှည်ငှားရမ်းခြင်းဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြခြင်း ဖြစ်ကြောင်း၊ ရေပန်းဥယျာဉ်တွင် နဂိုရှိသည့် ကန် (၃) ဆင့် ရေကန်၊ ရေတံခွန်၊ ရေပန်းရုပ်ရှင်(Water Movie)နှင့် ရေပန်းအက(Water Dancing)တို့ကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် ပါဝင်ကြောင်း သိရသည်။

 

ရေပန်းဥယျာဉ်ဝင်ကြေးကို သင့်တော်သောနှုန်းထားသာ ကောက်ခံရန်၊ဒေသတိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ သန့်ရှင်းသပ်ရပ်သည့် ခေတ်မီစားသောက်ဆိုင်များ၊ နည်းပညာ ဆန်းသစ်သော ကစားကွင်းများနှင့် ပြပွဲများထည့်သွင်းဆောင်ရွက်ရန်နှင့် တစ်နှစ်ထက်တစ်နှစ် မတူညီသည့် ဆန်းသစ်မှုများ၊ အဆင့်မြှင့်တင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရန် လည်း ဆန်းမြတ်ထွန်းကုမ္ပဏီကို ညွှန်ကြားထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group