#LocalNews
Published - 4 September 2022

 

ခလေးငယ်များပါသည့် တရားမဝင်မြန်မာလုပ်သား ၁၃ ဦး ကို ထိုင်းနိုင်ငံရနောင်းခရိုင်စု(က်)စမ်ရမ်မြို့၊ နာခါကျေးရွာတွင် စက်တင်ဘာလ ၃ ရက် ညပိုင်းက ဖမ်းဆီးမိကြောင်း ရနောင်းခရိုင်အခြေစိုက် အမှတ်-၂၅ ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ရွှေ့ပြောင်းမြန်မာလုပ်သားများအရေးဆောင်ရွက်နေသူများက ပြောသည်။

 

ယင်းတို့မှာ မြန်မာနိုင်ငံ ကော့သောင်းမြို့ကတစ်ဆင့် ပဲ့ချိတ်လှေစီးကာ ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီခရိုင်အတွင်း အလုပ်လုပ်ရန် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ၊ ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ်တစ်သောင်းခွဲမှ ဘတ်နှစ်သောင်းအထိ ပေးခဲ့ရကြောင်း ဖမ်းဆီးခံရသူ ၁၃ ဦးနှင့်အတူ ကလေးငယ် ၄ ဦးလည်း ပါဝင်ကြောင်း သိရသည်။

 

ယခုအခါ အဖမ်းခံရသူများအား စု(က်)စမ်ရမ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူရန်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group