Published 13 Sept 2021

တရုတ် Sinopharm ဆီနိုဖမ်ကိုဗစ်-၁၉ vaccine အလုံးရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ စက်တင်ဘာ ၁၂ ရက်ညနေပိုင်းက ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆီနိုဖမ်အုပ်စုကနေ ထပ်မံဝယ်ယူခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲက ပထမဆုံးရောက်ရှိလာတာ ဖြစ်ပါတယ်။
 
လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၂.၆ သန်းရှိပြီးဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး အလုံးရေ ၈.၇ သန်းသည် မြန်မာနိုင်ငံမှဝယ်ယူခြင်းဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် တရုတ် vaccine ကုမ္ပဏီများချိတ်ဆက်ရန် တက်တက်ကြွကြွကူညီပေးပြီး အသက်သာဆုံးစျေးနှုန်း၊ အလျင်မြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံထံ ကိုဗစ်-၁၉ vaccine ထောက်ပံ့ပေးကာ မြန်မာနိုင်ငံကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက်ကူညီပေးခဲ့ပါတယ် လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက သတင်းထုတ်ပြန်ပါတယ်။
 
မြန်မာနိုင်ငံကမှာယူထားတဲ့ ကာကွယ်ဆေးတွေ ထပ်မံရောက်ရှိလာပါက အသက်၄၀ကနေ၆၄နှစ်အတွင်းရှိ ပြည်သူတွေကို ထိုးနှံပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်။ မြန်မာနိုင်ငံမှာ လူဦးရေ ၂ ဒသမ ၁၀ သန်းကျော်မှာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီး လူဦးရေ ၂ ဒသမ ၆၆ သန်းကျော်ဟာ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံမှု ခံယူထားကြောင်း သိရပါတယ်။
 
ရောက်ရှိလာတဲ့ကာကွယ်ဆေးတွေကို အသက်၄၀မှ၆၄နှစ်အတွင်းရှိ ပြည်သူတွေအပြင် မသန်စွမ်းသူများ၊ EAO ဒေသများရှိ တိုင်းရင်းသားပြည်သူတွေနဲ့ နောက်ခံရောဂါရှိသူတွေကို ဦးစားပေးထိုးနှံသွားမယ်လို့ သိရပါတယ်။