ရန်ကုန်စက်တင်ဘာ ၁၃
ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟ ဒီကနေ့ စက်တင်ဘာ ၁၃ရက်နေ့ တရားရုံးကြားနာမှုကို ကျန်းမာရေးအခြေအနေတွေကြောင့် တက်ရောက်နိုင်မှုမရှိခဲ့ဘူးလို့ သူမရဲ့ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောတယ်လို့ ရိုက်တာ သတင်းရေးသားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့က ကားမူးပြီး ခေါင်းမူး‌ဝေနေတာကြောင့် လို့ ပြောပါတယ်။
ရှေ့နေ ဒေါ်မင်းမင်းစိုးက ရိုက်တာကိုပြောကြားရာမှာ ဖေဖော်ဝါရီ(၁)ရက် တပ်အာဏာသိမ်းကတည်းက ပုဒ်မများစွာနှင့် အထိန်းသိမ်းခံနေရတဲ့ အသက်၇၆နှစ်အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုရိုနာဗိုင်းရပ်စ်တော့ မရှိပါဘူး။သို့သော် နေမကောင်းလို့ ကားနှင့် အချိန်ကြာကြာ ခရီးမသွားနိုင်ဘူးလို့ ပြောဆိုတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source Reuters