#Local_News
Published - 27 August 2022

 

နစကဘက်မှ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားသည့် စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ်လ ၂၆ ရက်နေ့တွင်ဒေါ်လာနှင့် ဘတ်ဈေးနှုန်းမှာ စံချိန်တင် ထပ်မံ မြင့်တက်လာကြောင်း သိရသည်။

 

ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂,၁၀၀ သတ်မှတ်ပေးထားသော်လည်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာကို ကျပ် ၃,၁၀၀ ကျော်ထိ ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်နေခြင်းဖြစ်သည်။

 

ယင်းအပြင် ဘတ်ဈေးနှုန်းသည်လည်း ဒေါ်လာဈေးနှုန်းနှင့်အတူ ဆက်လက်မြင့်တက် နေဆဲဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့မှာ တစ်ဘတ်ကို မြန်မာငွေ ၈၉ ကျပ်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်ခဲ့သည်။

 

ဘတ်ဈေးနှုန်းသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံဆီသို့ ပို့ကုန်တင်သွင်းရောင်းချနိုင်မှု ကျဆင်းလာခြင်း၊ ဘတ်ငွေလိုအပ်ချက် မြင့်တက်များပြားလာခြင်း၊ ဒေါ်လာဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဘတ်ဈေးနှုန်း လိုက်တက်လာခြင် စသည့်အချက်များကြောင့် ဈေးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

ဒေါ်လာဈေးနှုန်းမှာ နစကဘက်မှ ဒေါ်လာအလုံအလောက် မရောင်းချပေးနိုင်သည့်အပြင် ဗဟိုဘဏ်မှ ပို့ကုန်လုပ်ငန်းရှင်များ၏ ပြင်ပပုဂ္ဂလိကဘဏ်များတွင် ဒေါ်လာဝယ်ယူနေသည့် စာရင်းပေးပို့ရန် ညွှန်ကြားလာသည့်အတွက် ဈေးနှုန်း ဆက်လက်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

Ymg/STH
#Yangon_Media_Group