#Local_News
Published-27 August 2022

 

ပြည်တွင်း၌ ငွေလဲနှုန်းအပြင် ပြောင်းရှားပါးလာသည့်အတွက် ပြောင်းဈေးများ ပြန်လည်မြင့်တက်လာကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။

 

နှစ်စဉ်ယခုလိုအချိန်သည် အရောင်းအဝယ်ကောင်း ဈေးကောင်းရရှိသည့်ကာလဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒများ၊ ပို့ကုန်၊ ထုတ်ကုန် မူဝါဒအပြောင်းအလဲများကြောင့် ပြောင်းဈေးမှာ ထိုးကျခဲ့ပြီး ငွေလဲနှုန်း ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲလိုက်သည့်အရှိန်ကြောင့် လက်ရှိတွင် ပြောင်းဈေးမှာ အနညးငယ်ပြန်လည်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

လာမည့်နှစ်တွင် ပြောင်းစိုက်ဧကလျော့မည်ဖြစ်သော်လည်း ဝယ်လိုအားလျော့သွားမည် မဟုတ်ကြောင်း၊ ပြည်ပသို့ ပြောင်းတင်ပို့သည့်နိုင်ငံမှာ မြန်မာနိုင်ငံတစ်ခုတည်းရှိသည့်အတွက် ဝယ်လိုအားကောင်းလာမည်ဖြစ်ကြောင်းကုန်သည်များက ခန့်မှန်းထားသည်။

 

ယခင်က ပြောင်းတစ်ပိသာလျှင် ၈၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိပြောင်းတစ်ပိသာဈေးနှုန်းမှာ ၉၄၀ မှ ၉၆၀ ကျပ်ရှိပြီး စက်တင်ဘာလ လဆန်းပိုင်းတွင် ပြောင်းအသစ်ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့တင်ပို့မှုမှာ စုစုပေါင်း ၄သန်းနီးပါးအထိရှိခဲ့ပြီး လက်ရှိအချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် တင်ပို့မှုနောက်ကျနေသည့်အတွက် ပုံမှန်အခြေအနေသို ပြန်လည်မရောက်ရှိသေးကြောင်းသိရသည်။

 

ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်မှာ ၂ ဒသမ ၃ သန်းနှင့် ၂ ဒသမ ၆ သန်းကြားထွက်ရှိပြီး ယခုနှစ်တွင် အထွက်နှုန်းလျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။

 

Ymg/STH
#Yangon_Media_Group