#Local_News
Published _ 27 August 2022

 

၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းမှ ဩဂုတ်လ ၂၆ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

တောင်ကိုရီးယား လုပ်ငန်းခွင်များတွင် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၄၈ ဦးကို ဩဂုတ် ၂၅ ရက်က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာအလုပ်သမားသံအရာရှိက ကြိုဆိုခဲ့ကြောင်းနှင့် မြန်မာလုပ်သားများ သိရှိသင့်သည့်အချက်များကို ပြောကြားပေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

မြန်မာလုပ်သားအများစုသည် တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှားတို့သို့ သွားရောက်လုပ်ကိုင်မှု အများဆုံးဖြစ်ကြောင်း၊ တောင်ကိုရီးယားသို့ သွားရောက်မှု အများဆုံးမှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်မှု အများဆုံးဖြစ်သည်။

 

တောင်ကိုရီးယားသို့ မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၁၀ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၃၉ ဦး၊ စုစုပေါင်း ၁၄၉ ဦး ကို သြဂုတ် ၂၃ ရက်တွင် လည်းကောင်း၊ ဩဂုတ် ၁၈ ရက်တွင် မြန်မာလုပ်သား ၁၆၈ ဦးကိုလည်းကောင်း စေလွှတ်ခဲ့ပြီးဖြစ်ရာ ဩဂုတ်လအတွင်း တောင်ကိုရီးယားသို့ မြန်မာလုပ်သားစေလွှတ်မှုမှာ ၁၀၀၀ ကျော်ရှိသွားပြီဖြစ်သည်ဟု သိရသည်။

 

#ymg/NN
#Yangon_Media_Group