#Local_News
Published_23 August 2022

 

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၅၇ လမ်းဒေါင့်တွင် ယနေ့ သြဂုတ်လ၂၃ ရက် နံနက် ၈ နာရီခွဲခန့်အချိန်က မိနစ်ခန့်က ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

အဆိုပါ ဇနီးမောင်နှံတွင် အမျိုးသားမှာ မြနန်းရုံဟိုတယ်၏ မန်နေဂျာတစ်ဦးဖြစ်ကြောင်း၊ လမ်း ၃၀ပေါ်တွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးကပြောသည်။

 

အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း အရှေ့မှအနောက်သို့ စီးနင်းလာရာ Unity ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့အရောက်တွင် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လားရာတူ မောင်းနှင်၍ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်လမ်း ၃၀ လမ်းအတိုင်း အနောက်မှ အရှေ့သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

သေနတ်ဖြင့် ပစ်ခံရသည့်ဟိုတယ်မန်နေဂျာ ဦးစည်သူကိုကိုနှင့် ဇနီးဒေါ်နှင်းဝေဝေလှိုင်တို့ သေနတ်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြကြောင်း၊ အခင်းဖြစ်နေရာဝန်းကျင်တွင် S &B 20 9x19 စာတန်းပါ ကျည်ခွံ ၆ ခွံ၊ Unity ကျောင်းရှေ့လမ်း ၃၀ လမ်းပေါ်တွင် အလားတူကျည်ခွံ ၁ ခွံ ပေါင်း ၇ ခွံကို တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group