#Local_News
Published_ 23 Aug 2022

 

တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် မြန်မာလုပ်သားသစ် ၁၄၉ ဦး ဒီကနေ့ သြဂုတ် ၂၃ ရက်တွင် ထပ်မံရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားပါတယ်။

 

အဆိုပါ လုပ်သားများအနက် လုပ်သားသစ် ၁၀ ဦးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်ပြီး လုပ်သားသစ် ၁၃၉ ဦးမှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာလုပ်သားများကို တောင်ကိုရီးယားအစိုးရက တရားဝင်ပြန်လည် ခေါ်ယူလျှက်ရှိရာ ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း မြန်မာလုပ်သား ၁၆၈ ဦး စေလွှတ်ခဲ့ ရပြီး ဩဂုတ်လအတွင်း မြန်မာလုပ်သား ၉၀၀ ကျော် စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။

 

ygm_mnn
#Yangon_Media_Group