#Local_News
Published_20August 2022

 

နည်းပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများအတွက် IT ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု စာမေးပွဲများကို လာမည့်အောက်တိုဘာလအတွင်းပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ သိရသည်၊၊

 

အဆိုပါ စာမေးပွဲများကို ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၊ နည်းပညာတက္ကသိုလ်ကျောင်းသားများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များနှင့် IT စိတ်ဝင်စားသူ မည်သူမဆိုပါဝင်ဖြေဆိုနိုင်မည် ဖြစ်သည်ဟု ဆိုသည်၊၊

 

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းကကြီးမှူး ကျင်းပသည့် Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲအမျိုးအစား(၃)မျိုးကို ကျင်းပသွားမည်ဖြစ်သည်၊၊

 

(၁) IT Passport Examination၊(၂)Fundamental IT Engineer Examination၊(၃)Applied IT Engineer Examinationတိုကို အောက်တိုဘာလ (၂၃) ရက်တွင် MICT park ၌ ကျင်းပသွားမည်ဖြစ်ပြီး စက်တင်ဘာလ(၃၁) ရက် နောက်ဆုံးထားကာ စာရင်းသွင်းကြရမည်ဖြစ်ကြောင်းသိရသည်၊၊

 

စာမေးပွဲဝင်ကြေးအဖြစ် IP Exam အတွက် ၃၀၀၀၀ ကျပ်၊ FE Exam အတွက် ၄၀၀၀၀ကျပ်၊ AP Exam အတွက် ၅၀၀၀၀ ကျပ်သွင်းကြရမည်ဖြစ်သည်၊၊

 

ယင်းစာမေးပွဲများ မကျင်းပခင် စက်တင်ဘာ(၃)ရက်မှ အောက်တိုဘာ (၂)ရက်အထိ Fundamental IT Engineer Exam အတွက် သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေး ၉၀၀၀၀ ကျပ်သတ်မှတ်ထားကာသြဂုတ်လ (၁၃) ရက်နောက်ဆုံးထား၍ စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်၊၊

ymg/tthl
#Yangon_Media_Group