#Local_News
Published - 20 August 2022

 

ပြည်တွင်း စက်သုံးဆီစျေးနှုန်း 92 တစ်လီတာ ၂၄၀၀ ကျပ်၊ 95 တစ်လီတာ ၂၄၉၀ ကျပ်အထိ မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

သြဂုတ် ၁၉ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၂၃၃၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၀၀ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၂၄၄၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၂၄၉၀ ကျပ်သို့ လည်းကောင်း စျေးနှုန်းထပ်မံ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၁၉ ရက်တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ဖြစ်ပြီး၊ ဒီဇယ် တစ်လီတာလျှင် ၂၇၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၄၀ ကျပ်ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၂၀ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၈၂၆ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၈၉၅ ကျပ် အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။

 

ယင်းအပြင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ကြောင်း သက်ဆိုင်ရာဌာနမှ အသိပေးထုတ်ပြန်ထားသည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group