#Local_News

Published 20 August 2022

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း( က)ရပ်ကွက်၊ ပုံလိုသွားကားလမ်းအနီး King Horse Fly Club တွင် ယမန်နေ့ ညနေပိုင်း ၃ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ဦးအားချန်ပိုင်ဆိုင်သော ( ၄၀' ၃၀' ) သံဖရိန်၊ အလူမီနီယံပြားကာ သွပ်မိုး( ၁)ထပ် King Horse Fly Club အဆောက်အဦး အတွင်း ဦးမတ်ကျော်က ဝရိန်ဆော်ရာတွင် ဝရိန်အိုးပြုတ်ကျခြင်းနှင့် ဖော့ပြားများအပေါ်၌ မီးပွားကျရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ညနေ ၄ နာရီအချိန်ခန့် မီးလောင်မှုသတင်းရရှိပြီး ခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်( ၂)စီး၊ ရေသယ်ယာဉ်( ၁)စီး၊ အထပ်မြင့် မီးငြိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်( ၂၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်( ၁၀)ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာတွင် ၅ နာရီအချိန်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

 

မီးလောင်မှုကြောင့်ခန့်မှန်း စုစုပေါင်းတန်ဖိုး ကျပ်(၄၉) သိန်းခန့်ရှိကြောင်း၊ မီးလောင်မှုကြောင့် ဦးမတ်ကျော် (ဘ)ဦးလှကြိုင်(၄၃)နှစ်၊ဗမာ/ဗုဒ္ဓ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် ၉/မလန(နိုင်)၀၉၉၀၆၅ အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ပုဒ်မ(၂၈၅)၊ပ(၁၅၀/၂၀၂၂)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

ymg/ys-tcl
#Yangon_Media_Group