#Local_News
Published - 16 August 2022

 

လျှောက်ထားသူဦးရေများခြင်းကြောင့် လျှောက်လွှာအရောင်း ခေတ္တရပ်နားထားခဲ့ရသည့်ဂျပန် JLPT စာမေးပွဲဖြေဆိုခွင့်လျှောက်ထားမှုကို ဩဂုတ်လ ၂၀ ရက်ကစပြီး အွန်လိုင်းစနစ်ဖြင့် ပြန်လက်ခံမည်ဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီက အသိပေးကြေညာထားသည်။

 

ဩဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိ အွန်လိုင်းမှ လျှောက်လွှာလက်ခံမည်ဖြစ်ပြီး ပထမဆုံးရက်တွင် N-1 အဆင့်ဖြေဆိုခွင့်ကို စတင်လက်ခံမည်ဖြစ်ကြောင်း၊ အခြားအဆင့်တွေအတွက် အွန်လိုင်းလျှောက်လွှာလက်ခံမယ့်ရက်ကို ဩဂုတ်လ ၁၉ ရက်၌ ထပ်မံကြေညာပေးမယ်ဟု စာမေးပွဲကျင်းပရေးကော်မတီက အသိပေးထားသည်။

 

JLPT စာမေးပွဲဖြေဆိုခွင့် လျှောက်ထားမှုကို အွန်လိုင်းစနစ်ဖြင့် ပထမဆုံးအကြိမ် စတင်လက်ခံခြင်းဖြစ်ပြီး လျှောက်ထားသူများပြားပါက နည်းပညာချို့ယွင်းတာမျိုးရှိနိုင်ကြောင်းလည်း အသိပေးထားသည်။

 

JLPTစာ မေးပွဲလျှောက်လွှာကို ဩဂုတ်လဆန်းပိုင်းက ရန်ကုန်နှင့်မန္တလေးတွင် လူကိုယ်တိုင်ထုတ်ခွင့်ပြုခဲ့ရာမှာ လျှောက်ထားသူများပြားပြီး လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် လျှောက်လွှာရောင်းချမှု ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group