#Local_News
Published _ 16 August 2022

 

ယခုဘဏ္ဍာနှစ် ၄ လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် ၅ သိန်း ၇ သောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၅ ရက်အထိ ပင်လယ်ရေကြောင်းမှတဆင့် ပဲမျိုးစုံတန်ချိန် ၄ သိန်း ၃ သောင်းကျော်နှင့် နယ်စပ်မှ တန် ၁ သိန်း ၄ သောင်း တင်ပို့ထားရှိပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကျော် ရရှိထားသည်။

 

ယခုဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းကို အများဆုံးတင်ပို့ထားပြီး တန်ချိန် ၂ သိန်း ၈ သောင်းကျော်အထိရှိနေကာ မတ်ပဲ တင်ပို့မှုအနေနှင့် တန်ချိန် ၁ သိန်း ၃ သောင်းကျော်၊ ပဲစင်းငုံ တင်ပို့မှုအနေနှင့် တန်ချိန် ၁ သောင်းခွဲကျော် ရှိကြောင်း စီးပွား၊ ကူးသန်းရဲ့ အချက်အလက်တွေအရ သိရသည်။

 

ယခု သြဂုတ်လ ၈ ရက်မှစ၍ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှုန်းထား သတ်မှတ်ချက်နီင့် ပို့ကုန်ရငွေ လဲလှယ်မှုကို ဖြေလျော့ပေးလိုက်သည့်အတွက် ပဲတင်ပို့မှု ပို့များလာနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားသည်။

 

အဆိုပါ ညွှန်ကြားချက် ထွက်ရှိပြီးနောက် ပဲဈေးတွေဟာလည်း တောက်လျှောက် မြင့်တက်နေကြောင်း ဈေးကွက်မှတဆင့် သိရသည်။

 

ymg/NN
#Yangon_Media_Group