#Local_News
Published_16 August 2022

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် 'အစားအစာ တီထွင်ဆန်းသစ်မှုဌာန' ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်လိုက်သည်၊၊

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် “လန်ချန်း-မဲခေါင်ဒေသတွင်း သစ်သီးဝလံထုတ်ကုန်များဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး သုတေသန” စီမံကိန်း“အစားအစာ တီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှုလေ့ကျင့်ရေး စတင်ခြင်းအခမ်းအနား” ကို သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်၊၊

 

အဆိုပါ အခမ်းအနားတွင် သံမှူးကြီး Mr. Zheng Zhihong က "မြန်မာနိုင်ငံသည် ရာသီဥတုစိုစွတ်ပြီး မြေဆီလွှာ ပေါကြွယ်ဝသဖြင့် သစ်သီးအများအပြား တင်ပို့ခြင်းဖြင့် ဂုဏ်သတင်းကျော်ဇောကြောင်း၊ မြို့ပြဖြစ်တည်မှု အတိုင်းအတာမြှင့်တင်လာမှုနှင့် လူတို့ဝင်ငွေတိုးများလာသည်နှင့်အမျှ သစ်သီးနှင့် သစ်သီးအချောကိုင်ကုန်ပစ္စည်းများ စားသုံးမှုပမာဏ အဆက်မပြတ် တိုးများလာကြောင်း၊ သစ်သီးထုတ်ကုန်အချောကိုင်ခြင်းနည်းပညာနှင့် စက်ပစ္စည်းများ ဖော်ဆောင်တင်သွင်းရာတွင် နည်းပညာဆန်းသစ်တီထွင်မှုကို အပြည့်အဝအသုံးချနိုင်ကြောင်း၊ သစ်သီးအချောကိုင်ထုတ်ကုန်အရည်အသွေးနှင့် တန်ဖိုးများကို ထိရောက်စွာကူညီမြှင့်တင်နိုင်ကာ Industry chain ဖြန့်ကျက်၍ လုပ်ငန်းခွင်ဝင်မှုတိုးမြှင့်ပြီး ပြည်သူလူနေမှုဘဝဖွံဖြိုးတိုးတက်မှုအား အထောက်အကူပြုကြောင်း၊ အစားအစာတီထွင်ဆန်းသစ်မှုဌာန ဆောက်လုပ်ပြီးစီးခြင်းနှင့် သစ်သီးအခြောက်ခံမှုလေ့ကျင့်ရေးတွင် သစ်သီးအချောကိုင်လုပ်ငန်းကုမ္ပဏီများက ခေတ်မီသည့်နည်းပညာမျှဝေမှုကိုဖော်ဆောင်နိုင်ပြီး မဲခေါင်မြစ်နိုင်ငံ အစားအစာအချောကိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေး၍ ပိုမိုများပြားသည့် လယ်ယာထွက်ကုန်များတင်ပို့မှုကို မြှင့်တင်နိုင်မည်ဟုမျှော်လင့်ကြောင်း "ပြောကြားခဲ့သည်။

 

လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းပေါင်း ၉၀ ကျော်ဖော်ဆောင်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံ လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုဘဝအကျိုးစီးပွားကောင်းမွန်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း သိရသည်၊၊

 

ယင်းအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong ၊ မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တိုတက်ရောက်အမှာစကားပြောကြားခဲ့ပြီးမြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဇေယျာထွန်းက အွန်လိုင်းမှ အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအခြေစိုက် မဲခေါင်မြစ်ဒေသနိုင်ငံသံတမန်များ (သို့မဟုတ်) ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ သက်ဆိုင်ရာဌာန၊ တက္ကသိုလ်နှင့် အဖွဲ့အစည်းကိုယ်စားလှယ်ပေါင်း လူ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်၊၊

ymg/tthl
#Yangon_Media_Group