#Local_News
Published _ 16 August 2022

 

ကိုဗစ်(၁၉)ရောဂါကုသခြင်းအတွက် နောက်ဆုံးပေါ်ကုသဆေး (သောက်ဆေး)အား မြန်မာနိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ branded generic PACLOVID အမည်ဖြင့် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် သြဂုတ်လ ၁၁ ရက်က FDA Myanmar ၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန FDA Myanmar မှထောက်ခံစာအမှတ် (2308ND012)ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အပါအဝင် US FDA , UK MHRA , Korea FDA , Singapore FDA အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေးအဖွဲ့အစည်းများမှလည်း အဆိုပါ PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg) ဆေးအား ထောက်ခံထားသည်ဟု သိရသည်။

 

PAXLOVID(Nirmatrelvir 150mg; Ritonavir 100mg (2)မျိုးပါ)ဗိုင်းရပ်ကုသ ဆေးအား Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ ပြည် တွင်းပညာရှင်များ၊ နိုင်ငံခြားသားပညာရှင်များ ပူးပေါင်း၍ အဆင့်ဆင့် research & development ပေါင်းများစွာ ပြုလုပ်ပြီး branded generic PACLOVID (Nirmatrelvir 150mg; Ritonavir 100mg)အမည်ဖြင့် ထုတ်လုပ်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

Pacific Medical Industries Ltd (PMI) ဆေးဝါးစက်ရုံသည် ယခင် Delta နှင့် Omicron Covid ပိုးများကူးစက်စဉ်ကာလများ၌ FAVIPAC 200 , 400 ၊ MOLNUPAC 200 , 400 တို့အား အရည်အသွေးပြည့်မီစွာထုတ်လုပ်၍ မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးပေးခဲ့သည်။

 

PACLOVID( Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ကိုဗစ်(၁၉)ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း၊ရောဂါဆိုးရွားစွာကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ခြင်း၊ delta နှင့် omicron မျိုး စိတ်များအား(ဓါတ်ခွဲစမ်းသပ်ချက်အရ)အောင် မြင်စွာကုသနိုင်ခြင်း၊ အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40 kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း ကောင်းကျိုးများရှိသည့် သောက်ဆေးဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် PACLOVID(Nirmatrelvir 150mg; Ritonavir 100mg)ဆေးသည် ဆရာဝန်ညွှန်ကြား ချက်နှင့်သောက်သုံးရသည့် (Prescription Only Medicine - POM)ဆေးအမျိုးအစားဖြစ်ကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group