#Local_News
Published - 16 August 2022

 

စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနက ကြေညာထားသည်။

 

ကော်မတီအနေဖြင့် စက်သုံးဆီများကို ၂၀၂၂ ခုနှစ် သြဂုတ်လ လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်ကြောင်း၊ သို့သော် အချို့သော စက်သုံးဆီအရောင်းဆိုင်များသည် စက်သုံးဆီပြတ်လပ်သည် (သို့မဟုတ်) စက်သုံးဆီလက်ကျန်နည်းနေသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချနေကြကြောင်း သိရသည်။

 

ယင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက သက်ဆိုင်ရာနယ်မြေဒေသအလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်။

 

ပြည်တွင်း၌ စက်သုံးဆီဈေးမှာ အဆမတန်မြင့်တက်လျက်ရှိပြီး နိုင်ငံအနှံတွင်လည်း စက်သုံးဆီပြတ်လပ်၍ ဝယ်မရသူအများအပြားရှိနေကြောင်း သိရသည်။

လက်ရှိစက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၄၅ ကျပ်၊ 97 တစ်လီတာ ၂၇၀၀ ကျပ်၊ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၇၈၀ ကျပ်ဖြစ်ပြီး ယခင်နေ့ထက် စျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

ymg/sth
#Yangon_Media_Group