#LocalNews
Published_14 August 2022

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် သြဂုတ်လ ၁၈ ရက်မှ စက်တင်ဘာလ ၂ ရက်ထိ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

 

ယင်းတို့အနေဖြင့် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ(အခြေခံပညာကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့် ပုံစံစာအိတ်ကို သြဂုတ်လ ၁၈ ရက် ကစ၍ ကိုယ်တိုင်ထုတ်ယူကြရမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ကြေညာထားသည်။

 

လျှောက်ထားနိုင်သည့် တက္ကသိုလ်များမှာ မြစ်ကြီးနား၊လွိုင်ကော်၊ဘားအံ၊ဟားခါး၊မုံရွာ၊ရွှေဘို၊စစ်ကိုင်း၊ထားဝယ်၊တောင်ငူ၊ပြည်၊ပဲခူး၊မကွေး၊ပခုက္ကူ၊မန္တလေး၊မိတ္ထီလာ၊ကျောက်ဆည်၊မော်လမြိုင်၊စစ်တွေ၊တောင်ကုတ်၊ရန်ကုန်အဝေးသင်၊တောင်ကြီး၊လာရှိး၊ကျိုင်းတုံ၊ဟင်္သာတ၊မအူပင် စုစုပေါင်း တက္ကသိုလ် ၂၆ ခု ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။

 

လျှောက်လွှာတင်သွင်းမည့်သတ်မှတ်ရက်ထက် ကျော်လွန်လျှောက်ထားသူများအနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ဌာနခွဲ)သထုံလမ်း ကမာရွတ် သို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group