#LocalNews
Published_14 August 2022

 

လက်ဝှေ့ပွဲများနှင့် ၂ နှစ်ခန့် ကင်းကွာနေသော အသက် ၂၉ နှစ်အရွယ် မြန်မာပြည်အလွတ်တန်းချန်ပီယံထွန်းထွန်းမင်း နှင့် အသက် ၂၃ နှစ်အရွယ် မွေထိုင်းလက်ဝှေ့ အတွေ့အကြုံအတော်လေးရှိပြီး (၃၈) ပွဲထိအနိုင်ရရှိထားသော ဟန်ဆိုလီမာနီ (အီရန်) တို့ ယနေ့ သြဂုတ်လ ၁၄ ရက် ညနေပိုင်းတွင်ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ရုံ၌ ထိုးသတ်ကြရာ ပထမပိုင်းပွဲအချိန်၌ပင် ပြိုင်ဘက်အပေါ် အနိုင်ရရှိသွားပြီဖြစ်သည်။

 

ထွန်းထွန်းမင်း အနေဖြင့် ယနေ့ပွဲအတွက် ကြိုတင်လေ့ကျင့်ချိန် အလုံအလောက်ရထားသည့်ပြင်
မြန်မာ့လက်ဝှေ့၏ သတ်(၉) သတ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group