#Local_News
Published _ 11 August 2022

 

နှစ်နိုင်ငံသဘောတူစာချုပ် MOU Zero Cost (အခမဲ့စနစ်)နှင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၀၀ဦးကို ယမန်နေ့က ကော့သောင်းခရိုင် ရွှေဝက်ဝံတံတားမှ ထပ်မံစေလွှတ်ခဲ့သည်။

 

ထိုင်းနိုင်ငံ ကန်ချနဘူရီမှ အီလက်ထရောနစ်စက်ရုံများ၌ အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၈၀ ဦးကို ကော့သောင်း - ရနောင်း ရေလမ်းကြောင်းမှ စေလွှတ်ခဲ့သည်။

 

ယင်းတို့ဟာ MOU Zero Cost စနစ်နှင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် လာရောက်သည့် ပဉ္စမမြောက်အုပ်စု ဖြစ်သည်။

 

ထိုင်းစက်ရုံများမှာ တစ်ရက်ကို လုပ်အားခ ဘတ် ၃၂ဝ ဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရမှာ ဖြစ်သည်။

 

ယခုနှစ် ဇူလိုင်မှ ဩဂုတ်လအတွင်း MOU Zero Cost စနစ်နှင့် အလုပ်လုပ်ရန် ကော့သောင်း-ရနောင်း ရေလမ်းကြောင်းမှသွားရောက်သည့် မြန်မာအလုပ်သမား ၅၀၄ ဦး ရှိပြီဖြစ်သည်။

 

ymg/NN
#Yangon_Media_Group