#Local_News
Published _ 11 August 2022

 

မင်းပြား-ပေါက်တော ကားလမ်းဘေး ချောင်းရှည်ရွာ ငါးသားဖောက်စခန်းတွင် ဩဂုတ်လမှ စတင်ကာ ငါးမြစ်ချင်း သားဖောက်လုပ်ငန်းများကို မွေးမြူရေးဧက ၁၀၀၀ အထိ ဆောင်ရွက်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့နိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနအနေ ဖြင့် ရေချို ငါး၊ ပုစွန်မွေးမြူမှုနည်းသောနေရာ၌ ဝယ်လိုအားရှိနေသော ငါးမြစ်ချင်းကို အနီးဆုံးဈေးကွက်သို ကုန်ကျစရိတ်သက်သာစွာတင်ပိုနိုင်ရန် ရှေ့ပြေး Pilot Project အနေဖြင့် ငါးမွေးမြူရေးဇုန်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရေချိုမွေးမြူရေး ဧက ၁၀၀၀ နှင့် ရေငန်မွေးမြူရေးဧက ၁၅၀၀ ရှိသည့်အနက် ရေချိ မွေးမြူရေးကို ကနဦး အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ ဒေသခံ မွေးမြူရေးလုပ်သားများအနေဖြင့် ယင်းကိုစိတ်ဝင်စားပါက တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ နည်းပညာနှင့် အရင်းအနှီးစိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မွေးမြူရေးကန် ဧက ၁၀၀၀ မှ ထွက်ရှိသော ငါးမြစ်ချင်းကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ပြီး ရေချိုငါးဈေးကွက်ကြီးတစ်ခုပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး၊ မြေပြင်တွင် ရေချို၊ ရေငန် အမှန်တကယ်မွေးမြူမှု အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။

 

ငါးမြစ်ချင်းကို ပြည်ပပို့ကုန် အတွက် ၂ နှစ် မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သား ပေါက်မှ ငါးဖျန်းအရွယ် ဒုတိယနှစ်တွင် ငါးဖျန်းမှ ရောင်းတန်းဝင် နှစ်ကီလိုကျော်အရွယ် မွေးမြူကြကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group