#LocalNews
Published_7 August 2022

 

မွန်ပြည်နယ်တွင်တည်ဆောက်မည့်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် လေယာဉ်ကွင်းသစ်အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ငွေလုံးငွေရင်းကို အသုံးပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

 

အဆိုပါ ဆိပ်ကမ်းနှင့် လေယာဉ်ကွင်းတို့ကို တည်ဆောက်ရန် အဆိုပြုဧရိယာမြေဧက ၄၆၀၀ ကျော်ကို လျာထားပြီး မုဒုံမြို့နယ် ကော့ပရံကျေးရွာအနီးတွင် လေယာဉ်ကွင်းသစ်စီမံကိန်း၊ ဘလောက်ညောင်ဝိုင်းနှင့် ဝဲကလိကျေးရွာအကြားတွင် ဆိပ်ကမ်းစီမံကိန်းတို့အတွက် မြေနေရာသတ်မှတ်ထားခြင်းဖြစ်သည်။

 

ယင်းတည်ဆောက်မှုများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးပြည်ထောင်စုဝန်ကြီး၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး၊လျှပ်စစ်နှင့်စွမ်းအင်ပြည်ထောင်စုဝန်ကြီး၊ဆောက်လုပ်ရေးပြည်ထောင်စုဝန်ကြီး၊မွန်ပြည်နယ်အစိုးရအဖွဲ့၊စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးရုံးစသည်တို့ဖြင့် "တည်ဆောက်ရေးစီမံကိန်းအကောင်အထည်ဖော်ရေးကြီးကြပ်မှုဗဟိုကော်မတီ"တစ်ခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ပြန်တမ်းတွင် တရားဝင် ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က မွန်ပြည်နယ်ရှိ ကုလားဂုတ်ကျွန်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့က လျာထားခဲ့ကာ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထိ ကာလတွင်လည်း ယင်းစီမံကိန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနကဆက်လက် လုပ်ဆောင်ရန် စီစဉ်ခဲ့ကြသေးသည်။

 

ymg/mt
#Yangon_Media_Group