#LocalNews
Published - 7 August 202

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလစာမေးပွဲအတွက် JLPT ဝင်ခွင့်လျှောက်လွှာ ၂၆၀၀၀ နီးပါး ရောင်းချပေးထားပြီးဖြစ်ကြောင်း ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) မှကြေညာထားသည်။

 

အဆိုပါဝင်ခွင့်လျှောက်လွှာရောင်းချမှုကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)၊ စာမေးပွဲကျင်းပရေးကော်မတီ (JLPT)က စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

၎င်းအရေအတွက်သည် ရန်ကုန်စာဖြေဌာန N3 ၊ N4 နှင့် N5 Level အတွက် ရောင်းချပေးခဲ့သည့်အရေအတွက်ဖြစ်ကြောင်း သိရသည်။

 

ဩဂုတ်လ ၅ ရက်ကစပြီး ဒီဇင်ဘာလစာမေးပွဲအတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းထားခဲ့ပြီး ကျန်သည့်စာမေးပွဲများအတွက်ကိုလည်း အွန်လိုင်းကနေသာ လျှောက်လွှာရောင်းချတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းတွင် JLPT စာမေးပွဲလျှောက်လွှာ ဝယ်ယူရန်လူငယ်များ မနက် ၂ နာရီကတည်းက တန်းစီခဲ့ကြပြီး လူ ၅၀၀၀ လောက်ရှိသည့် လူစုလူဝေးကြီးဖြစ်ပေါ်ခဲ့သည့်အတွက် လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းခဲ့ရသည်။

 

ymg/sth
#Yangon_Media_Group