#LocalNews
Published_7 August 2022

 

၁၀ နှစ် စီမံကိန်း ဒီရေတောထူထောင်ရေးအတွက် ဧက ၁၇၀၀၀ ကျော်စိုက်ပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သိရသည်။

 

၁၀ နှစ် စီမံကိန်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ်ထိ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခု မိုးရာသီကာလစိုက်ဒီရေတောဧက ၂၉၆၅ ဧကစိုက်ပျိုးပြီးဖြစ်၍ စုစုပေါင်း ဧက ၁၇၇၉၀ စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

 

ဒီရေတောများကို ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်း၊ ရခိုင်ပြည်နယ် ရမ်းဗြဲတို့တွင် လမု၊ လမဲ့၊ ကနစိုး၊ ဗြူးခြေထောက် စသည့် အပင်များကို စိုက်ပျိုးနေခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်အတွင်း ဧက ၄၀ ၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ၁၂၅ ဧက ၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၂၈၀၀ ဧကထိစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊သဘာဝဘေးများဖြစ်သည့် မုန်တိုင်းဝင်ရောက်ခြင်း၊ကမ်းပါးရေတိုက်စားခြင်းတို့ကို ခံနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_group