#LocalNews
Published_6 August 2022

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်း ပိတ်သိမ်းခဲ့သည့်စက်ရုံ ၃ ရုံရှိကာ စက်ရုံ အသစ် ၁၅ ရုံ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ လက်ရှိကာလထိ အသစ်ဖွင့်ခဲ့သည့် စက်ရုံများထဲတွင် အထည်ချုပ်စက်ရုံ ၆ ရုံပါဝင်ပြီး ဖြန့်ချိရေးစက်ရုံများနှင့် အခြားစက်ရုံများပါဝင်ကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီထံက သိရသည်။

 

ရွှေလင်ပန်းစက်မှုဇုန်၌ စက်ရုံပေါင်း ၄၂၀ ခန့် လည်ပတ်လျက်ရှိပြီး ထိုစက်ရုံများအနက် အထည်ချုပ်စက်ရုံ ၅၉ ရုံအနေဖြင့် အလုပ်သမား ၈ သောင်းခန့် အလုပ်လုပ်ကိုင် ရရှိလျက်ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group