Published_3 Aug 2022
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလားရော့ဗ်သည် အလုပ်သဘောဆွေးနွေးမှုအတွက် ဒီက​နေ့မနက်ပိုင်းတွင် မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာပြီ ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။
မြန်မာခေါင်းဆောင်များနှင့်လည်းတွေ့ဆုံမယ်ဆိုထားပြီး ဘယသူတွေနှင့်တွေ့မယ်ဆိုတာတော့ ရုရှားဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံဖွယ်ရှိတယ်လို့တော့ သတင်းတွေထွက်ပေါ်နေပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံမှုများနှင့် ရုရှား-မြန်မာ ဆက်ဆံရေးအတွက် လက်ရှိအခြေအနေနှင့် အလားအလာများကို ဆွေးနွေးရန်စီစဉ်ထားတယ်လို့ သိရပါတယ်။
#Myanmar_Politics
#Myanmar_Russia