#Local_News
Published_3 Aungust 2022

 

မလေးရှားနေ မြန်မာတစ်ဦးက သူ၏ကလေး ၃ ယောက်ကိုတံတားပေါ်ကဦးစွာပစ်ချကာ ကိုယ်တိုင်လည်းတံတားပေါ်မှ ခုန်ချသတ်သေမှု သြဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။

 

အသက် ၃၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားက MRR2 အဝေးပြေးလမ်းမကြီး၏ တံတားပေါ်မှ ခုန်ချခြင်းမပြုမီ ကလေးများဖြစ်သော ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦးကို ဦးစွာပစ်ချခဲ့ကာ သူကိုယ်တိုင်လည်း ခုန်ချသတ်သေခဲ့ကြောင်း သိရသည်။

 

ပစ်ချခံရသော ကလေး ၃ ဦးထဲမှ သားတစ်ဦးနှင့် သမီးတစ်ဦးပွဲချင်းပြီးသေဆုံးကာ သားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သောကြောင့် ဆလာယန်းဆေးရုံကို ပို့ဆောင်ကုသနေကြောင်း၊ ပွဲချင်းပြီး သေဆုံးခဲ့ကြသော ဖခင်ဖြစ်သူနှင့် ကလေးနှစ်ဦးတို့၏ ရုပ်အလောင်းများကို ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆေးကုသရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

သေဆုံးသူမှာ ချင်းတိုင်းရင်းသား ဦး Cholei ဖြစ်ပြီး အသက် ၈ နှစ်အရွယ် သမီး Vadetisoh နှင့် အသက် ၆ နှစ်အရွယ် သား Vabiechose တို့ဖြစ်ကြောင်း၊ ပြင်းထန်ဒဏ်ရာ ရသွားသူမှာ အသက် ၃ နှစ်အရွယ် Shadrah Vabiechopha ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပြီး မလေးရှား ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများထံ သတင်းအချက်အလက်များပေးဆောင်ရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group