Published 23 July 2022

မြန်မာနိုင်ငံတွင် အထက်တန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်နိုင်တဲ့ အဆင့်ရှိတဲ့သူတွေ လွန်စွာနည်းပါးနေတဲ့အတွက် ဆယ်စုနှစ်များစွာဆိုပါက နိုင်ငံအတွက် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေတယ်လို့လို့ နစက ဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။

ဇူလိုင် ၂၃ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့  တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားတွေ ဂုဏ်ပြုပွဲတစ်ခုမှာဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တန်းစဉ်ကူးပြောင်းနိုင်မှုမရှိဘဲ လျော့နည်းသွားတဲ့အင်အားဟာ မူလတန်းမှာ ၃၁.၈၈ ရာခိုင်နှုန်းနှင့် အလယ်တန်းတွင် ၂၇.၆၅ ရာခိုင်နှုန်း ရှိနေတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့အရ နိုင်ငံသားအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ဟာ အလယ်တန်းအဆင့်အထိသာပညာသင်ကြားခဲ့ကြရတာကိုတွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။

အဲဒါကြောင့် စနစ်သစ်ပညာရေးကို KG-12 အထိ ဖော်ဆောင်လျက်ရှိပြီး မူလတန်းပညာ မသင်မနေရ ပြဋ္ဌာန်းထားပေမယ့် နစက အနေနှင့် KG-9အခြေခံပညာအလယ်တန်းအဆင့်အထိ ပညာသင်ကြားခွင့်ရရေးနှင့် အောင်မြင်ရေးကို  အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

ယခုအခမ်းအနားမှာ ၂၀၁၉-၂၀၂၀နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းမှာထူးချွန်စွာအောင်မြင်ခဲ့တဲ့ တပ်မတော်စစ်သည်တွေ၊စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းတွေရဲ့သားသမီးတွေ၊စစ်သည်အစားခန့်အရပ်ဘက်ဝန်ထမ်းတွေ ရဲ့သားသမီးတွေနှင့်ဘက်စုံပညာထူးချွန်သည့်လူငယ်တွေကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။

#ymg/knl

#Myanmar_eduation