#Local_News
Published - 21 July 2022

 

YBS ကားများနှင့် တက္ကစီများပေါ်တွင် ကြော်ငြာများချိတ်ဆွဲထားခြင်းသည် မြို့သာယာလှပရေးကို ထိခိုက်စေသည့်အတွက် တပ်ဆင်ခြင်းမပြုရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

 

အဆိုပါ ညွှန်ကြားချက်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YRTC ကို ပေးပို့ခဲ့ပြီး ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ်ကြောင်း YRTC မှထပ်ဆင့်ထုတ်ပြန်ထားသည်။

 

ယခင်က YBS ယာဉ်များနှင့်တက္ကစီယာဉ်ပေါ်တွင် ကြော်ငြာကပ်ခွင့်ကို YRTC မှ သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးထားပြီး ကြော်ငြာကပ်လိုသူအနေဖြင့် ယာဉ်ပိုင်ရှင်ကို အခကြေးငွေပေးကာ ကြော်ငြာများ ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ယာဉ်ပိုင်ရှင်တွေအနေဖြင့် ယင်းကဲ့သို့ ကြော်ငြာကပ်ခွင့်မရှိတော့သည့်အပေါ် ၎င်းတို၏ ကြော်ငြာခ ဝင်ငွေလျော့နည်းသွားမည်ဖြစ်သည့်အတွက် ဝေဖန်ပြောဆိုမှုတွေရှိနေကြောင်း သိရသည်။

 

ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group