#Local_News
Published - 21 July 2022

 

တောင်ကိုရီးယားအလုပ်အကိုင်(EPS)စာမေးပွဲ ဖြေဆိုမည့်သူအများစုသည် စာမေးပွဲမှတ်ပုံတင်ကြေး ဒေါ်လာနှင့်ပေးသွင်းရန် အခက်အခဲရှိနေကြောင်း စာမေးပွဲဖြေဆိုမည့်သူများထံမှ သိရသည်။

 

လက်ရှိအချိန်တွင် အမေရိကန်ဒေါ်လာပြင်ပပေါက်စျေးမြင့်တက်နေပြီး ဝယ်ယူရ ခက်နေခြင်းကြောင့် ငွေပေးသွင်းရန် အခက်အခဲရှိနေကြောင်း သိရသည်။

 

ယင်းအပြင် စာမေးပွဲဖြေဆိုမည့်သူ သောင်းနှင့်ချီရှိသည့် အလုပ်သမားများ မှတ်ပုံတင်ကြေးပေးသွင်းရန် ဒေါ်လာအပြိုင်ဝယ်ယူနေကြာင်း သိရသည်။

 

EPS စာမေးပွဲ မှတ်ပုံတင်ကြေးကို ၂၄ ဒေါ်လာနှင့် တန်ဖိုးညီသည့် ကျပ်ငွေဖြင့် ပေးသွင်းနိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ မူလကကြေညာခဲ့သော်လည်းလက်တွေ့တွင် ဒေါ်လာငွေနှင့်သာလက်ခံကြောင်း သိရသည်။

 

လက်ရှိတွင် EPSစာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ကြေးပေးသွင်းခွင့်ရထားသူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း POEA ၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

 

EPS စာမေးပွဲကို သြဂုတ်လကနေ ဒီဇင်ဘာလအထိ လုပ်ငန်းကဏ္ဍအလိုက်အသုတ်လိုက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group