#Local_News
Published_ 21 July 2022

 

တောင်ကိုရီးယားနိုင်ငံ၌ တရားဝင် အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သား ၁၅၅ ဦး ဒီကနေ့ ဇူလိုင် ၂၁ ရက်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါ အလုပ်သမားများအနက် ၂၂ ဦးက စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ကြမှာဖြစ်ပြီး ၁၃၃ ဦးက ကုန်ထုတ်လုပ်သားအဖြစ်လုပ်ကိုင်ကြမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ရောက်ရှိလာတဲ့ မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိကကြိုဆိုပြီး အလုပ်သမားများ သိရှိလိုက်နာသင့်တဲ့ အချက်များကို မှာကြားကာ လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရှိရပါတယ်။

 

ymg-mnn
#Yangon_Media_Group