#Local_News
Published_21 July 2022

 

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်ရှိ ကုန်သွယ်ရေးစခန်းနှစ်ခုမှ ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေနယ်စပ်ကုန်ကုန်သွယ်ရေးစခန်း(ရွှေမင်းဂံ)နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း(ကညင်ချောင်း)တို့မှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၃ သန်းခန့် တန်ဖိုးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက သိရသည်။

 

ဘင်္ဂလားဒေ့နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်သော မောင်တော ၊ စစ်တွေကုန်သွယ်ရေးစခန်းနှစ်ခုမှ ပုံမှန်လည်ပတ်နေပြီး ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အမေရိကန်ဒေါ်လာ၂ ဒသမ ၉၀ သန်း ဖိုးတင်ပို့နိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်ဘက်မှ သွင်းကုန်အမေရိကန်ဒေါ်လာ ၆၉၆၀ ဒေါ်လာဖိုး တင်သွင်းခဲ့ကြောင်း အဆိုပါ အသင်းတာဝန်ရှိသူကပြောသည်။

 

စစ်တွေ ကုန်သွယ်မှုစခန်း (ရွှေမင်းဂံ ) မှ အမေရိကန် ဒေါ်လာ ၅၈၉၁၆၁ ဒေါ်လာဖိုး ၊ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်း ( ကညင်ချောင်း) မှ အမေရိကန်ဒေါ်လာ ၂၃၂၇၉၄၈ တန်ဖိုးဖြစ်ကြောင်းလည်း သိရသည်။

 

လက်ရှိတွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံမှ တရားဝင်ကုန်တင်ပို့ပြီး ပြန်လည်ရောက်ရှိလာသော စက်လှေလုပ်သားများအား ခရိုင် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးအဖွဲ့၏ ကြပ်မတ်မှုဖြင့် ကိုဗစ်ရောဂါစစ်ဆေးမှုများပြုလုပ်ပေးလျက် ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group