#LocalNews
Published_19 July 2022

 

ရခိုင်ပြည်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် NGO၊ INGO အဖွဲ့အစည်းများမှ ဝန်ထမ်းများအား ရခိုင်မြောက်ပိုင်း မောင်တောဒေသနှင့် အခြားနေရာများသို့ ခရီးသွားလိုပါက လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး၏ ခွင့်ပြုချက်ပါရှိရမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက သိရသည်။

 

ရခိုင်ဒေသအတွင်းဒေသဖွံ့ဖြိုးရေးနှင့် လူသားချင်းကူညီစာနာထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ခရီးသွားလာခြင်းကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကစ၍ ယာယီကန့်သတ်လိုက်ကြောင်း၊ယင်းမှာ လုံခြုံရေးအရဖြစ်ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

 

"နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသတွင်းအဖွဲ့အစည်းတွေထဲမှာ လုံခြုံရေးနဲ့ပတ်သက်ပြီး တိမ်းချော်သွားရင် နယ်လုံဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ဆိုရင် တာဝန်ယူမှာပေါ့ ။ဒါကြောင့် သွားမယ်ဆိုရင် ဘယ်အဖွဲ့ကပဲဖြစ်ဖြစ် နယ်လုံကို စာတင်ရတယ်။ လက်ရှိ လုံခြုံရေးအနေအထားအရပေါ့။ခွင့်ပြုတဲ့နေရာရှိပေမယ့် ခွင့်မပြုတဲ့နေရာလည်း ရှိတယ်။အဓိက လုပ်နေတာက နယ်လုံဝန်ကြီးပါ" ဟု ယင်းကဆိုသည်။

 

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းရှိ ကျေးရွာများသို့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်)က စားနပ်ရိက္ခာ ထောက်ပံ့မှုများ ၊ ကြက်ခြေနီအဖွဲ့များ၏ ကူညီရေးလုပ်ငန်းများ ရှိနေကြောင်း၊လက်ရှိတွင် အဆိုပါလုပ်ငန်းများ ယာယီရပ်ထားကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group