#LocalNews
Published - 19 July 2022

 

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်းကြောင့် အလုပ်အကိုင်ရှာဖွေပေးနေသည့် အေဂျင်စီအချို့ လုပ်ငန်းရပ်ဆိုင်းမှုများရှိလာကြောင်း အလုပ်သမားရေးရာဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

 

လက်ရှိတွင် ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအရေအတွက်မှာ ၇၁ ခုရှိပြီး ယခင်နှစ်ထက်အေဂျင်စီ ၁၂ ခုလျော့နည်းသွားကြောင်း သိရသည်။

 

ယင်းအပြင် ရပ်နားထားသည့် အေဂျင်စီအများစုသည် အလုပ်အကိုင်ရှာဖွေရခက်ခဲလာခြင်း၊ စည်းကမ်းသတ်မှတ်ချက်များ မလိုက်နာနိုင်သည့်အတွက် လိုင်စင်ပိတ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၌ စီးပွားရေးကျပ်တည်းမှုကြောင့် လုပ်ငန်းအများစု လုပ်ငန်းမတိုးချဲ့ နိုင်သည့်အတွက် လုပ်သားအသစ်ခေါ်ယူမှုလျော့နည်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

 

ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုကြောင့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် သွားရောက်လုပ်ကိုင်သူများပြားလာပြီး တရားမဝင်သွားရောက်သူများလည်းရှိနေကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group