#LocalNews
Published - 19 July 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျကြိုးတံတားပေါ်တွင် ယနေ့ နံနက်ပိုင်း၌ YBS ၆၁ ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါမီးလောင်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း၊ လတ်တလောအခြေအနေအရ ကားဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ခန့်မှန်းရကြောင်း အင်းစိန်မြို့နယ်ရှိ ပရဟိတအသင်းမှ ပြောကြားထားသည်။

 

မီးလောင်မှုမှာ ယနေ့မနက် ၇ နာရီခွဲခန့်မှ စတင်လောင်ခဲ့ခြင်းဖြစ်ပြီး ၇ နာရီ ၅၀ မိနစ်ခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

ymg/sth
#Yangon_Media_Group