#LocalNews
Published - 19 July 2022

 

ကမ္ဘာ့ရွှေစျေးထက် ပြည်တွင်းရွှေစျေးမြင့်တက်နေရခြင်းမှာ ပြည်တွင်းဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

"ရွှေစျေးတွက်တဲ့နေရာမှာ ကမ္ဘာ့ရွှေစျေးနှုန်းရယ်၊ ပြည်တွင်းဒေါ်လာစျေးရယ်၊ နယ်စပ်ကငွေလဲနှုန်းတွေရဲ့ ရောင်းလိုအားဝယ်လိုအားကိုကြည့်ပြီး ရွှေစျေးငြိမ်အောင်လုပ်ရတာပေါ့။ အခု ပြည်တွင်းဒေါ်လာစျေးကတအားတတ်နေတာ။ တနေ့ကို ၁၀ တတ်လိုက် ၂၀ တတ်လိုက်နဲ့၊ ပြည်တွင်းဒေါ်လာစျေးတတ်လို့ တတ်နေတာ"ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်ကပြောသည်။

 

လက်ရှိတွင် ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် ကျပ် ၂၃၀၀ နဲ့ ၂၄၀၀ ကြားအထိ မြင့်တက်လာကြောင်း၊ယခုရက်ပိုင်းအတွင်းဗဟိုဘဏ်မှ ထုတ်ပြန်လာသည့် နိုင်ငံခြားငွေကြေးမူဝါဒဆိုင်ရာ ညွှန်ကြားချက်တွေကြောင့် ပြင်ပငွေလဲစျေးကွက်မှာ တဒေါ်လာကို ၂၂၀၀ ၀န်းကျင်ငြိမ်နေရာမှ ဒေါ်လာငွေလဲနှုန်းသည် ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိ ရန်ကုန်ရွှေစျေးနှုန်းမှာ သိန်း ၂၀ ခြောက်သောင်းရှိနေပြီး ကမ္ဘာ့ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၇၁၈ ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးထက်မြင့်တက်နေခြင်းဖြစ်သည်။

 

ymg/sth
#Yangon_Media_Group