#Local_News
Published_8 July 2022

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ နဘူးတောကျေးရွာ၊ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်း၊ မိုင်တိုင်အမှတ် (၂၄/၄)အနီးတွင် ဇူလိုင်လ ၇ ရက် ည ၉ နာရီကျော်အချိန်ခန့်က ကားနှင့်ဆိုင်ကယ်တိုက်မိ၍ နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

 

ကျောက်ပန်းတောင်းမှ ညောင်ဦးသို့ မောင်းနှင်လာသော DAIHATSU အမျိုးအစား အဖြူရောင်ယာဉ်နှင့် SHYAN ဆိုင်ကယ်တို့ တိုက်မိခဲ့ခြင်းဖြစ်ပြီး ဆိုက်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း လူမှုကူညီရေးအသင်းများက သိရသည်။

 

အဆိုပါ အခင်းဖြစ်ပွားရာနေရာသို့ ညောင်ဦးခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းနှင့် သေဆုံးသွားသူများကို ဂရုဏာရှင် နာရေးကူညီမှုအသင်း၏ယာဉ်ဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_group