#Local_News
Published_8 July 2022

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးလှသိန်းနှင့် အဖွဲ့ဝင်ဟောင်းနှစ်ဦးတို့ ဖြစ်ကြသည့် ဦးသန်းဌေး၊ ဦးမြင့်နိုင်တို့ကို နေပြည်တော်ထောင်တွင်း တရားရုံးမှ ဇူလိုင်လ ၇ ရက်တွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀(က) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

 

ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်တွင် မဲမသမာမှုကိစ္စများတွင် တာဝန်ရှိသူများဖြစ်သည်ဆိုကာ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အထက်ပါအတိုင်း အမိန့်ချလိုက်ခြင်းဖြစ်သည်။

 

လက်ရှိတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ယခင်တာဝန်ယူခဲ့ကြသည့် UEC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူ ၂၄၀၀ ကျော် တရားစွဲဆိုခံထားရကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group