#Local_News
Published - 8 July 2022

 

ဇူလိုင်လ(၇)ရက်ကနေ ဇူလိုင်လ(၈)ရက်နေ့လယ်ပိုင်းအထိ မြန်မာပြည်တွင်းတွင်ဗဟိုပြုပြီး မြေငလျင်(၄)ကြိမ်လှုပ်ခတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သိရသည်၊၊

 

ဇူလိုင်လ (၇)ရက်နံနက်ပိုင်းတွင် မြန်မာပြည်တွင်းလင်းခေးမြို့ ဗဟိုပြု၍အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုနှင့် နေ့လယ်ပိုင်းတွင် ဂွမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားကြောင်းသိရသည်၊၊

 

ဇူလိုင်လ(၈)ရက်နံနက်အစောပိုင်းများတွင် ညောင်ဦးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခဲ့ပြီး ဖြူးမြို့အနီးဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းလည်းသိရသည်၊၊

 

မြန်မာနိုင်ငံတွင် ဇွန်လဆန်းပိုင်းကတည်းက ပြည်တွင်းကိုဗဟိုပြု၍ လှုပ်ခတ်သော မြေငလျင်ငယ်များ ဆက်တိုက်လှုပ်ခဲ့ပြီး မြေငလျင်ကြီးများလည်း တစ်ကျော့ပြန်လှုပ်ခတ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲမှ သတိပေးပြောကြားထားသည်၊၊

 

ymg/tthl
#Yangon_Media_Group