#Local_News
Published _ 8 July 2022

 

မြန်မာ့စီးပွားရေးဘဏ်များ၌ ကိုယ်တိုင်ပင်စင်လ စာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအ ဆင်ပြေစေရန် ဇူလိုင်လမှစ၍ ဘဏ်များတွင် ငွေပေးကောင်တာများ တိုးချဲ့စီစဉ်ထားကာ ငွေထုတ်ပေးမှုလျင်မြန်စေရန် စီစဉ်ဆောင်ရွက်ထားသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ခဲ့သည်။

 

ယင်းကဲ့သို ထပ်မံတိုးချဲ့ခဲ့ခြင်းမှာ အချို့ဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ပေးသည့် ၂၁ ရက်တွင် စုပြုံ၍ လာရောက်ထုတ်ယူခြင်းကြောင့် လူစုလူဝေးဖြစ်ပေါ်ခြင်း၊ ရှည်လျားစွာတန်းစီရခြင်း၊ အချိန်ကြာမြင့်စွာစောင့် ဆိုင်းရခြင်းတို့ဖြစ်ပေါ်နေသည်ကို စိစစ်တွေ့ရှိရသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

 

ယင်းပြင် မြန်မာ့စီးပွားရေးဘဏ်၏ သက်ဆိုင်ရာဘဏ်ခွဲများတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများအား လစဉ်ရုံး ဖွင့်ရက် ၂၁ ရက်နေ့တစ်ရက်တည်းသာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များ၌လည်းထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

 

ပင်စင်လစာငွေများကို ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်၌ ပြန်လည်ထုတ်ယူခြင်းနှင့် ATM စာရင်းဖွင့်၍ ATM စက်များမှ ထုတ်ယူခြင်း၊ Myanmar Mobile Money (MMM)၊ Wave Money တို့ဖြင့်နီးစပ်ရာ Mobile Agent များမှ တစ်ဆင့် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ယူမှုအဆင်ပြေချောမွေ့စေရန် သက် ဆိုင်ရာဘဏ်ခွဲများနှင့် ပူးပေါင်းကူညီဆောင် ရွက်ပေးရန် မြန်မာ့စီးပွားရေးဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။

 

ymg/NN
#Yangon_Media_Group